STRATEGY FIRST INSTITUTE

shaping you for sustainable edge

NCC Level 4 Diploma in Business Information Technology (First Year)

L4DBIT Diploma သည် ဗြိတိသျှ တက္ကသိုလ် စီးပွားရေးနှင့်သက်ဆိုင်သောနည်းပညာဘွဲ့ ပထမနှစ် နှင့်ညီမျှသော တစ်နှစ်သင်တန်းဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင်ဖြစ်ပေါ်နေသော နိုင်ငံတကာ စီးပွားရေးနှင့်ပတ်သက်သော နည်းပညာများကို စတင်လေ့လာရပါမည်။ လုပ်ငန်းခွင်အတွက်လဲ အရေးကြီးပြီး စီးပွားရေးနှင့်ပတ်သက်သော နည်းပညာများကို ဆက်လက်သင်ယူရာတွင် အခြေခံ ကောင်းများရရှိစေမည့် ဘာသာရပ် (၈) ခုကို စာတွေ့လက်တွေ့ သင်ခန်းစာများ မိတ်ဆက် သင်ကြား ပေးမည်ဖြစ်ပါသည်။
  1. Skills for Computing
  2. Designing and Developing a Website
  3. eBusiness
  4. Understanding Business Organisations
  5. Computer Networks
  6. Computer Systems
  7. Databases
  8. Essentials of Management

Scholarship Programmes

သင်တန်းကြေးများကို AYA Bank ၏ Credit Card ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Credit Card ဖြင့်ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေးသွားမည်ဖြစ်သည်။


သင်တန်းကြေးများကို AYA Bank ၏ Education loan ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Education loan ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကို လည်း လျှော့ပေးသွားမည်ဖြစ်သည်။


AYA Education Loan ဖြင့် သင်တန်းကြေးပေးသွင်းပါက ကနဦးအနေဖြင့် ၅၃၆,၀၀၀ ကျပ်ကို ပေးသွင်းရမည်ဖြစ်ပြီး တစ်လလျှင် ၁၉၂,၀၀၀ ကျပ်ဖြင့် ၁၂ လတိတိ ပေးသွင်းရမည်ဖြစ်သည်။

ဂုဏ်ထူးအလိုက် ၇၅% အထိချီးမြှင့်မည့် Scholarship အစီအစဉ်


ဂုဏ်ထူးရဘာသာရပ် အရေအတွက်အလိုက် Scholarship သတ်မှတ်ပြီး သင်တန်းကြေးများ လျှော့ပေးသွားပါမည်။
အင်္ဂလိပ်စာ အမှတ် ၆၀ အထက် - ၁၀% Scholarship
ဂုဏ်ထူး ၁ ဘာသာ - ၁၀% Scholarship (အင်္ဂလိပ်စာ ၆၀+၂၀%)
ဂုဏ်ထူး ၂ ဘာသာ - ၂၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၃၀%)
ဂုဏ်ထူး ၃ ဘာသာ - ၃၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၄၀%)
ဂုဏ်ထူး ၄ ဘာသာ - ၄၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၅၀%)
ဂုဏ်ထူး ၅ ဘာသာ - ၅၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၆၀%)
ဂုဏ်ထူး ၆ ဘာသာ - ၇၅% Scholarship

L4DBIT သင်တန်းကြေးပေါ်တွင် Scholarship ပေးခြင်းဖြစ်တဲ့အတွက် စာမေးပွဲကြေး ပေါင် ၃၂၀ အပြည့်ပေးသွင်းဖို့ လိုအပ်ပါ မယ်။
ဝင်ခွင့်သတ်မှတ်ချက်

IGCSE (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အင်္ဂလိပ်စာ အမှတ် (၆၀)မပြည့်ပါက IELTS band (5.5)ကိုရရှိအောင် ဖြေဆိုရပါမယ်။