STRATEGY FIRST INSTITUTE

shaping you for sustainable edge

NCC Level 5 Diploma in Business Information Technology (Second Year)

L5DBIT Second Year

Level 5 Diploma in Business Information Technology


L5DBIT Diploma သည် ဗြိတိသျှတက္ကသိုလ် စီးပွားရေးနှင့်ဆိုင်ရာ နည်းပညာဘွဲ့ ဒုတိယနှစ် နှင့်ညီမျှသော တစ်နှစ်သင်တန်းဖြစ်ပါသည်။ ပထမနှစ်တွင် မိတ်ဆက်ထားသော စီးပွားရေးနှင့် သက်ဆိုင်သည့်နည်းပညာဘာသာရပ် များကို ပိုမိုအသေးစိတ်သင်ကြားခြင်းဖြစ်ပြီး ဘာသာရပ် (၈) ခုကို ထပ်မံလေ့လာရပါမည်။ L5DBIT  အောင်မြင်သည့်အခါ ယူကေနှင့် သြစတေးလျတွင်ရှိသော တက္ကသိုလ်များရှိ စီးပွားရေး နှင့် ပတ်သက်သောနည်းပညာဆိုင်ရာ ရွေးချယ်စရာ Majorများစွာထဲမှ B.Sc(Hons) in Business Information Technology ဘွဲ့နောက်ဆုံးနှစ်ကို တိုက်ရိုက်တက်ရောက်ပြီး ဘွဲ့ရယူနိုင်မည်ဖြစ်ပါသည်။ ထိုတစ်နှစ်သင်တန်းအတွက် လိုအပ်သော နည်းပညာဆိုင်ရာနှင့် သုတေသနပညာ၊ အင်္ဂလိပ်စာနှင့် ခေါင်းဆောင်မှုရေးရာများကိုပါ သင်ကြား ပေးသွားမှာဖြစ်ပါတယ်။

  1. Professional Issues in IT
  2. Dynamic Websites
  3. Business IT Project
  4. Office Solutions Development
  5. Information Systems Analysis
  6. Database Design and Development
  7. Principles of Business Operation
  8. Information Systems and Organizations


L5DBIT အောင်မြင်ပြီး နောက်ဆုံးနှစ်ကို ပြည်တွင်းမှာပင် ဆက်လက်သင်ယူလိုပါက အွန်လိုင်း သင်ယူမှုဖြင့် NCC Education မှစီစဉ်ပြီး University of Worcester မှ အသိအမှတ်ပြုချီးမြှင့်သော B.Sc (Hons) in Business Information Technology ဘွဲ့ကိုစရိတ်အထူးသက်သာစွာဖြင့် ရယူနိုင်ရန် အခွင့်အရေးရှိပါသည်။


Scholarship Programmes

သင်တန်းကြေးများကို AYA Bank ၏ Credit Card ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Credit Card ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေးသွားမည်ဖြစ်သည်။


သင်တန်းကြေးများကို AYA Bank ၏ Education loan ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Education loan ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကို လည်း လျှော့ပေးသွားမည်ဖြစ်သည်။


AYA Education Loan ဖြင့် သင်တန်းကြေးပေးသွင်းပါက ကနဦးအနေဖြင့် ၅၃၆,၀၀၀ ကျပ်ကို ပေးသွင်းရမည်ဖြစ်ပြီး တစ်လလျှင် ၁၉၂,၀၀၀ ကျပ်ဖြင့် ၁၂ လတိတိ ပေးသွင်းရမည်ဖြစ်သည်။


ဂုဏ်ထူးအလိုက် ၇၅% အထိချီးမြှင့်မည့် Scholarship အစီအစဉ်


ဂုဏ်ထူးရဘာသာရပ် အရေအတွက်အလိုက် Scholarship သတ်မှတ်ပြီး သင်တန်းကြေးများ လျှော့ပေးသွားပါမည်။
ဂုဏ်ထူး ၁ ဘာသာ - ၁၀% Scholarship
ဂုဏ်ထူး ၂ ဘာသာ - ၂၀% Scholarship 
ဂုဏ်ထူး ၃ ဘာသာ - ၃၀% Scholarship 
ဂုဏ်ထူး ၄ ဘာသာ - ၄၀% Scholarship 
ဂုဏ်ထူး ၅ ဘာသာ - ၅၀% Scholarship 
ဂုဏ်ထူး ၆ ဘာသာ - ၇၅% Scholarship

L5DBIT သင်တန်းကြေးပေါ်တွင် Scholarship ပေးခြင်းဖြစ်တဲ့အတွက် စာမေးပွဲကြေး ပေါင် ၃၈၀ အပြည့်ပေးသွင်းဖို့ လိုအပ်ပါမယ်။


ဝင်ခွင့်သတ်မှတ်ချက်

IGCSE (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အင်္ဂလိပ်စာ အမှတ် (၆၀)မပြည့်ပါက IELTS band (5.5)ကိုရရှိအောင် ဖြေဆိုရပါမယ်။