STRATEGY FIRST INSTITUTE

shaping you for sustainable edge

နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ICM Diploma သင်ကြားနေသောကျောင်းများရှိပြီး Strategy First Institute သည် မြန်မာနိုင်ငံအတွက် ICM အသိအမှတ်ပြူ တစ်ခုတည်းသော သင်တန်းကျောင်းဖြစ်ပါသည်။

ICM နှင့်သဘောတူညီချက်ယူထားသည့် အင်္ဂလန်နိုင်ငံရှိ University များတွင် Marketing ဘွဲ့ကို အချိန်အတိုအတွင်း ကုန်ကျစရိတ် အထူးသက်သာစွာ ရယူနိုင်ပါ မည်။ Diploma များသည် UK နိုင်ငံပညာရေး အရည်အသွေး စစ်အဖွဲ့ QCA/Ofqual မှ Level 5 နှင့် Level 6 အဖြစ် အသိအမှတ်ပြူ ထားပြီး ဖြစ်သောကြောင့် အခြားနိုင်ငံတကာ University များကိုလည်း လျှောက်ထားတက်ရောက်နိုင်ပါမည်။ ကိုယ်ပိုင်လုပ်ငန်းများအတွက် အရေးပါသောဈေးကွက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်ပြီး နိုင်ငံတကာအဆင့်မှီ စီမံခန့်ခွဲလေ့လာနိုင်ပါမည်။ ပြည်တွင်းစီးပွားရေး နယ်ပယ်တွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်မည်။ လုပ်ငန်းအတွေ့အကြုံပြည့်ဝသော ပြည်တွင်းပြည်ပ ဆရာ၊ဆရာမများမှ သင်ကြားပို့ချမည်ဖြစ်ပါသည်။

Strategy First Institute တွင် စာမေးပွဲအတွက်ပြင်ဆင်ပေးရုံမကဘဲ လက်တွေ့အသုံးချနည်းလေ့ကျင့်ခန်းများ Project များနှင့် သင်ကြားပေးပါမည်။ ပြည်တွင်းပြည်ပ ဆရာ၊ဆရာမ များမှ သင်ကြားပို့ချသွားပါမည်။



Strategy First's ICM Diploma Programme Objectives
Strategy First Institute ဧ။် ICM အတန်းများအတွက် ရည်ရွယ်ချက်များမှာ -
၁။ UK တက္ကသိုလ်အဆင့် သင်တန်းများဖြစ်သည်နှင့်အညီ နိုင်ငံတကာ တက္ကသိုလ်များရှိသင်ယူမှုအတွေ့အကြုံနှင့် အနီးစပ်ဆုံးတူညီအောင်ဖြည့်ဆည်းပေးရန်၊
၂။ သက်ဆိုင်ရာ စာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်ပေးရန်၊
၃။ Theory နှင့် model များကို သင်တန်းသားများ သေချာစွာသဘောပေါက်ပြီးလက်တွေ့ဘဝတွင်မှန်ကန်စွာရွေးချယ်အသုံးချတတ်စေရန်၊
၎။ ဆုံးဖြတ်ချက်ချသည့်ပုံစံ ကောင်းမွန်ပြီး မယာဗျူယာကျကျ စဉ်းစားလေ့လာတတ်စေရန်၊
၅။ Critical thinking နှင့် creative thinking တိုးတက်လာစေရန်၊
၆။ ကိုယ်တိုင်သုသေတန်ပြုတတ်ရန်နှင့် ဆက်လက်လေ့လာသွားတတ်စေရန်၊
၇။ Teamwork, leadership နှင့် communication skill များတိုးတက်လာစေရန်၊
၈။ လူ့ဘောင်အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အတွက် တာဝန်ယူစဉ်းစားတတ်သော အောင်မြင်သည့် မန်နေဂျာများ၊ စီးပွားရေးသမားများပြုစု ပျိုးတေထာင်ရန်တို့် ဖြစ်ပါသည်။