STRATEGY FIRST INSTITUTE

shaping you for sustainable edge

SQA HND (Civil Engineering) 

IGCSE (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အင်္ဂလိပ်စာ အမှတ် (၆၀)မပြည့်ပါက IELTS band (5.5) ကိုရရှိအောင် ဖြေဆိုရပါမယ်။
SQA သည် UK နိုင်ငံရှိ Scotland အစိုးရအဖွဲ့မှ တည်ထောင်ထားသော အစိုးရ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးလက်မှတ်များကို ချီးမြှင့်သော အဖွဲ့အစည်းတစ်ခုအဖြစ် နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ Strategy First တွင် ဖွင့်လှစ်မည့် SQA HND Civil Engineering သင်တန်းများသည် လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်ပေးရုံသာမက UK တက္ကသိုလ်များတွင် Engineer ဘွဲ့ရသည်အထိ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။ ပထမနှင့်ဒုတိယ ပညာသင်နှစ် SQA HND Civil Engineering ရရှိရန်အတွက် Credit အမှတ် (၃၀) ရရှိရန် လိုအပ်သည်။ ကျောင်းသား/သူများသည် Civil Engineering ဘာသာရပ်နှင့် သက်ဆိုင်သော ဘာသာရပ်များကို အသေးစိတ် လေ့လာရမည်ဖြစ်ပြီး လက်တွေ့လုပ်ကိုင်နိုင်ရန်အတွက်လည်း သင်ကြားပေးသွားမည်ဖြစ်သည်။
HND (Civil Engineering) First Year တွင်သင်ကြားရမည့် ဘာသာရပ်များ

Semester 1

  1. Civil Engineering Contract and Project Management
  2. Management
  3. Mathematics for Construction
  4. Geotechnics
  5. Construction Site Surveying 
  6. CAD: 2D I
  7. Structural Analysis
  8. Health and Safety in Construction


Semester 2

  1. Civil Engineering Fluid Mechanics
  2. Construction Technical Communication Skills
  3. Civil Engineering Materials and Testing
  4. Reinforced Concrete Design and Detailing
  5. Structural Mechanics
  6. Public Health Engineering
  7. Highway Engineering
  8. Civil Engineering: Graded Unit 1

Scholarship Programmes

သင်တန်းကြေးများကို AYA Bank ၏ Credit Card ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Credit Card ဖြင့်ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေးသွားမည်ဖြစ်သည်။


သင်တန်းကြေးများကို AYA Bank ၏ Education loan ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်သည်။ AYA Bank ၏ Education loan ဖြင့် ပေးသွင်းပါက ၁၀ ရာခိုင်နှုန်းကို လည်း လျှော့ပေးသွားမည်ဖြစ်သည်။


ဂုဏ်ထူးရဘာသာရပ် အရေအတွက်အလိုက် Scholarship သတ်မှတ်ပြီး သင်တန်းကြေးများ လျှော့ပေးသွားပါမည်။

အင်္ဂလိပ်စာ အမှတ် ၆၀ အထက် - ၁၀% Scholarship
ဂုဏ်ထူး ၁ ဘာသာ - ၁၀% Scholarship (အင်္ဂလိပ်စာ ၆၀+၂၀%)
ဂုဏ်ထူး ၂ ဘာသာ - ၂၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၃၀%)
ဂုဏ်ထူး ၃ ဘာသာ - ၃၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၄၀%)
ဂုဏ်ထူး ၄ ဘာသာ - ၄၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၅၀%)
ဂုဏ်ထူး ၅ ဘာသာ - ၅၀% Scholarship (အင်္ဂလိပ်စာ ၆၀+ ၆၀%)
ဂုဏ်ထူး ၆ ဘာသာ - ၇၅% Scholarship


သင်တန်းကြေးပေါ်တွင် Scholarship ပေးခြင်းဖြစ်တဲ့အတွက် စာမေးပွဲကြေး  အပြည့်ပေးသွင်းဖို့ လိုအပ်ပါ မယ်။